MPA Logo

စတီဗီဒို(၂)ရေယာဉ် လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စတီဗီဒို ( ၂ ) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထား များ ကိုတွက်ချက်၍ တင်ဒါတင် သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည်ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင်ပစ္စည်းနှင့်လုပ်ခဆိုစျေး နှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် စတီဗီဒို (၂) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများအတွက် စပေါ်ငွေကျပ် ၂၀၀၀၀၀/- (ကျပ် နှစ်သိန်း တိတိ)   ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ် ငွေပေးသွင်း ထားသည့် ငွေရပြေစာမိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၆ – ၇ – ၂၀၂၃)နေ့( ၁၂ : ၀၀ ) နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                                      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                                           – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

     (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၆ – ၇ – ၂၀၂၃) ရက် (  ၁၂ : ၀၀ ) နာရီ

           နေရာ                                                        -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                             အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်     – ( ၆ – ၇ – ၂၀၂၃ ) ရက် ( ၁၂ : ၀၀ ) နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                       – ( ၆ –  ၇ – ၂၀၂၃ ) ရက် ( ၁၄ : ၀၀ ) နာရီ

             နေရာ                                                                –      အစည်းအဝေးခန်းမ (၂)

                                                                                 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                                 အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။