MPA Logo

ကုန်းဘောင်-“၁” ရေယာဉ်မှ Main Engine (Weichai,X6170ZC-1A,450 BHP)အား Top Overhaul စစ်ဆေးပြုပြင်ခြင်းနှင့် Main Engine လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများအတွက် တင်ဒါဆို ဈေးနှုန်းဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်းဘောင်-၁” ရေယာဉ်မှ Main Engine (Weichai, X6170ZC-1A, 450 BHP) အား Top Overhaul စစ်ဆေးပြုပြင်ခြင်း နှင့် Main Engine လျှပ်စစ် ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်း များကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ဆောင် ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကိုတွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အား ခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင်ပစ္စည်းနှင့်လုပ်ခဆို စျေးနှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် ကုန်းဘောင်-၁” ရေယာဉ်မှ Main Engine (Weichai, X6170ZC-1A, 450 BHP) အား Top Overhaul စစ်ဆေးပြုပြင်ခြင်း နှင့် Main Engine လျှပ်စစ် ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများအတွက် စပေါ်ငွေကျပ် ၁၀၀,၀၀၀/-(ကျပ် တစ်သိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့် အတူပူးတွဲ တင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၁၉ – ၁၀ – ၂၀၂၃) နေ့( ၁၂ : ၀၀ )နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                   – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                                      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                                               – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

     (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၁၉ – ၁၀ – ၂၀၂၃) ရက် (  ၁၂ : ၀၀ ) နာရီ

           နေရာ                                                     -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                                    အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့်      နောက်ဆုံး နေ့ရက်/ အချိန်- ( ၁၉ – ၁၀ – ၂၀၂၃ ) ရက် ( ၁၂ : ၀၀ ) နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                         – ( ၁၉ –  ၁၀ – ၂၀၂၃ ) ရက် ( ၁၃ : ၃၀ ) နာရီ

နေရာ                                                  –      သင်တန်းခန်းမ

                                                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                                        အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊မည်သည့် တင်ဒါ တင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါ လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။