MPA Logo

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အသုံးပြုရန်လိုအပ်သော Battery(With Acid)(5)Items ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာန၊ စစ်တွေ ဆိပ်ကမ်း နှင့် မော်လမြိုင်ဆိပ်ကမ်း တို့တွင် အသုံးပြုရန်လိုအပ်သော Battery (With Acid) (5) Items ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက်ကုမ္ပဏီမှကျခံ ဆောင် ရွက်ပေးရန်ဖြစ်ပါသည်။ အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည်ဖြစ်ပါသည်။​

၂။       တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ် အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါ စပေါ် ငွေ ပေးသွင်း ပြေစာ (မိတ္တူ)၊ ကုမ္ပဏီ/ အရောင်းဆိုင်၏ လိုင်စင်(မိတ္တူ)နှင့် အဆိုပြု စျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏ အမျိုးအစား တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များပြည့်စုံစွာ ပူးတွဲတင်ပြထား ခြင်း မရှိပါက ဆိုဈေး အား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။      တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၃၀၀,၀၀၀/-(ကျပ် သုံးသိန်း တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၂၀–၅–၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်း ရန် ဖြစ်ပါသည်။

၄။      တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၅,၀၀၀/-နှုန်းဖြင့်(၁၃-၅-၂၀၂၂)ရက်နေ့မှစ၍(၂၀-၅-၂၀၂၂)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
    ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
    ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
    (“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၂၄-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)
wpChatIcon
wpChatIcon