MPA Logo

ဧကရီရေယာဉ်၏ Piping, Valve Repairing, Carpenter Job ပြုပြင်ခြင်းနှင့် Platter, Welder and Hull Deck Job, Tank Cleaning ပြုပြင်ခြင်း လုပ်ငန်းများအတွက် တင်ဒါဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။        မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ စက်ဆန်းသင်္ဘောကျင်းတွင် ဧကရီရေယာဉ်၏ (၁) Piping, Valve Repairing, Carpenter Job ပြုပြင်ခြင်းလုပ်ငန်းများ နှင့် (၂) Platter, Welder and Hull Deck Job, Tank Cleaning လုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများ အတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို လီမိတက်တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါ လုပ်ငန်းအတွက် လုပ်ခ နှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက် ရမည့် ပစ္စည်းများ၏ နှုန်းထား များကို တွက်ချက်၍ ဈေးနှုန်းတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်း များ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။    လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်း နှင့် လုပ်ခ ဆိုစျေး များကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။        တင်ဒါတင်သွင်းရာတွင် လုပ်ငန်းတခုစီအတွက် ငွေကျပ် ၁၀၀,၀၀၀/-စီ (ကျပ် တစ်သိန်းတိတိ)ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (စာရင်းဌာန)သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်း ထားသည့် ငွေရပြေစာ မိတ္တူ သို့မဟုတ် ချလံမိတ္တူအား တင်ဒါပုံစံနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။        ကန်ထရိုက်လုပ်ငန်းအတွက် ဆိုဈေးနှုန်းတင်သွင်းရာတွင် ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးတင်သွင်း ရမည့် ပုံစံများနှင့် တင်ဒါစည်းကမ်းချက်ပါစာရွက်စာတမ်းများကို ယနေ့မှစ၍ ( ၄ – ၃ -၂၀၂၂ ) နေ့ရက် အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်များ၌ အပိုဒ်(၅)(က)ပါ လိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။        ဆိုဈေးနှုန်းတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – သိမ်ဖြူသင်္ဘောကျင်း၊စက်မှုအင်ဂျင်နီယာဌာန

အမှတ်(၅၅၇/၅၅၉)၊ ကန္နားလမ်း၊ ဗိုလ်တထောင်မြို့နယ်

ဖုန်းနံပါတ်-၀၁-၈၆၁၀၂၂၈

                         လိပ်မူရမည့်ပုဂ္ဂိုလ် – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
 (ခ) စပေါ်ငွေပေးသွင်းရမည့်

နောက်ဆုံး နေ့ရက်/ အချိန်

 

–

 

( ၄ – ၃ – ၂၀၂၂) ရက် ( ၁၂ : ၀၀ ) နာရီ

                                နေရာ – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

 (ဂ) တင်ဒါတင်သွင်းရမည့်

နောက်ဆုံးနေ့ရက်/အချိန်

 

–

 

( ၄ – ၃ – ၂၀၂၂ ) ရက် ( ၁၄ : ၀၀ ) နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်

နေရာ

–

–

( ၄ – ၃ – ၂၀၂၂ ) ရက် ( ၁၄ : ၀၀ ) နာရီ

နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။        တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာ ကိုဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ လက်ခံခြင်း မပြုသင့်ဟု ယူဆလျှင် ပယ်ဖျက်ခွင့် ရှိသည်။

၇။        အထက်ဖော်ပြပါလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာ ရုံးတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

wpChatIcon
wpChatIcon