MPA Logo

စာရင်းဌာနမှ Billing Management and Budgetary Control System အဖြစ် Computerized စနစ်သို့ ပြောင်းလဲဆောင်ရွက်ရန်လုပ်ငန်းအတွက် တင်ဒါဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဘဏ္ဍာငွေ ရှာဖွေနိုင်မှု၊ သုံးစွဲမှု၊ ကြွေးမြီများ၊ ရရန်ရှိ/ ပေးရန်ရှိ ကိစ္စရပ်များ၊ ကောက်ခံရရှိမှုများ၊ ဘဏ္ဍာရေးနှစ်အလိုက် လျာထား/သုံးစွဲမှုများကို အချိန်နှင့် တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာ ဆိပ်ကမ်းတံတားများနှင့် ကုမ္ပဏီများသို့ Bill ထုတ်ပေးရေး ကိစ္စရပ်များ၊ အရှုံးအမြတ်စာရင်းများ၊ နှစ်ချုပ်လက်ကျန်ရှင်းတမ်းများအတွက် လက်ရှိဆောင်ရွက် လျက်ရှိသည့် Manual စနစ်မှ Computerized စနစ်သို့ ပြောင်းလဲဆောင် ရွက်ရန် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ အဆိုပါ စနစ်ရေးဆွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရန်စိတ်ပါဝင်စားသည့် နည်းပညာ ကုမ္ပဏီများအား တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၃။ တင်ဒါတင်သွင်းရန်အတွက် တင်ဒါပုံစံများနှင့် စည်းမျဉ်း စည်းကမ်းချက်များကို ၃-၇-၂၀၂၄ ရက်နေ့မှ ၉-၇-၂၀၂၄ ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာန တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာ   –    သင်တန်းခန်းမ(ပထမထပ်)၊

                                                                မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

(ခ) လိပ်မူရမည့်ပုဂ္ဂိုလ်                         –     ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး

                                                                   ကော်မတီ

(ဂ) တင်ဒါအာမခံငွေပေးသွင်းရမည့်    –     ၁၀-၇-၂၀၂၄ ရက်၊(၁၅:၀၀)နာရီ

      နောက်ဆုံးနေ့ရက်/အချိန်                      စာရင်းဌာန(မြေညီထပ်)

                 နေရာ                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                          အမှတ်(၁၀)ပန်းဆိုးတန်းလမ်း၊ရန်ကုန်မြို့။

(ဃ) တင်ဒါတင်သွင်းရမည့်               –    ၁၁-၇-၂၀၂၄ ရက် ၊(၁၃:၀၀)နာရီ

                နေ့ရက်/အချိန်/နေရာ           သင်တန်းခန်းမ(ပထမထပ်)၊

                                                            မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)