၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာနမှဝယ်ယူပေးရန် မှာကြားလာသည့် စတီဗီဒို (၃)နှင့်စတီဗီဒို (၄) ရေယာဉ်(၂)စီးအတွက် လိုအပ်နေသောပန်ကာ(၂)လက်ကို ဝယ်ယူရေးကိစ္စ အတွက်အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီ မှ ကျခံဆောင်ရွက် ပေးရန်ဖြစ်ပါသည်။ အထက် ဖော်ပြပါပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ ကုမ္ပဏီ/ အရောင်းဆိုင်၏ သက်တမ်းရှိ လိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏အမျိုး အစားတို့ကိုပြည့်စုံစွာ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၃၀၀,၀၀၀/- (ကျပ် သုံးသိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၃၀–၁–၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံးပေး သွင်းရန် ဖြစ်ပါသည်။
၄။ တင်ဒါ တင်သွင်းရန် ပုံစံနှင့် တင်ဒါ စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၂,၀၀၀/- နှုန်း ဖြင့် (၂၂-၁-၂၀၂၄) ရက်နေ့မှစ၍ (၃၀-၁-၂၀၂၄) ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်း ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်းတွင် လာရောက်ဝယ်ယူနိုင်ပါ သည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ- | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ | ||
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း
ရန် ဖြစ်သည်) |
||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၁-၂-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝ
လက်ခံမည်မဟုတ်ပါ) |