MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရေကြောင်းဌာနတွင် အသုံးပြုရန် လိုအပ်သော Towing Rope & Polypropylene Rope(7)Items အတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ရေကြောင်းဌာနမှလိုအပ်သောTowing Rope & Polypropylene Rope (7) Items / 1- Lot ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါ သည်။အဆိုပြုစျေးနှုန်းတွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ် တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက် ဖော်​​​ပြပါ ပစ္စည်း များကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။       တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ် အလိုက်ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊တင်ဒါစပေါ်ငွေပေးသွင်းပြေစာ (မိတ္တူ)၊ကုမ္ပဏီ/အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏ Specification/Catalogueတို့ကို ပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါအချက်အလက်များပြည့်စုံစွာပူးတွဲတင်ပြထားခြင်းမရှိပါကဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။      တင်ဒါတင်သွင်းရာတွင် ငွေကျပ်၂,၀၀၀,၀၀၀/-(ကျပ် သိန်းနှစ်ဆယ် တိတိ)ကိုတင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနတွင် ၁၃၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။

၄။      တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၁၀,၀၀၀/-နှုန်းဖြင့်(၆-၅-၂၀၂၂) ရက်နေ့မှစ၍ (၁၃-၅၂၀၂၂) ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့

ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
    ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
    ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
    (“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁၇-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)