MPA Logo

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသုံးပြုရန် မလိုအပ်တော့သည့် ပစ္စည်းအဟောင်းများကို လေလံ တင် ရောင်းချရန် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသုံးပြုရန် မလိုအပ်တော့သည့် ပစ္စည်းအဟောင်း ဖြစ်သော မီးချောင်းစလောင်းအဟောင်းများ၊ မျက်နှာကျက်ပန်ကာအဟောင်းများနှင့် ဓါတ်လှေခါး ပစ္စည်း အဟောင်းများအား လက်ရှိ မျက်မြင် အခြေအနေအတိုင်း (၂၄-၅-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချ မည် ဖြစ်ပါသည်။

၂။       တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် (၁၀-၅-၂၀၂၂) ရက်နေ့မှ (၂၀-၅-၂၀၂၂) ရက်နေ့အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပြီး  အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။