MPA Logo

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဌာနအသီးသီးမှ အသုံးပြုရန် မလိုအပ်တော့သည့် ပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဌာနအသီးသီးမှ အသုံးမပြုရန် မလိုအပ်တော့သည့် ဓါတ်လှေခါးပစ္စည်းအဟောင်းများ၊စက်ပစ္စည်း အဟောင်းများ၊ ရုံးသုံးပရိဘောဂပစ္စည်းအဟောင်းများ၊ မီးသတ်ဆေးဗူးအဟောင်းများ၊ ဘက်ထရီအိုးအဟောင်းများ၊ တိုင်ကီအဟောင်း များ၊ တာယာ အဟောင်းများ၊ ကျွတ်အဟောင်းများနှင့် သံဂွေအဟောင်းများအား လက်ရှိမျက်မြင်အခြေအနေအတိုင်း (၁၆-၂-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် (၃-၂-၂၀၂၃) ရက်နေ့မှ (၁၄-၂-၂၀၂၃) ရက်နေ့ အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။