MPA Logo

new banner

ဥပဒေအသိပညာပြန့်ပွားရေးနှင့် ဝန်ထမ်းများခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ ဥပဒေအသိပညာပြန့်ပွားရေးနှင့် ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၊ သင်တန်းခန်းမ၌ ၂၄-၂-၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီ မှ ၁၂:၀၀ နာရီအထိ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဦးကျော်သီဟ၊ ခရိုင်ဥပဒေအရာရှိ၊ ကျောက်တံတားခရိုင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်အလက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများအကြောင်း ဗဟုသုတသိမှတ်ဖွယ်များအား ဟောပြောပို့ချပေးခဲ့ပါသည်။

ဆက်လက်၍ နေ့လည် ၀၁:၀၀ နာရီ မှ ၁၆:၀၀ နာရီ အထိ ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း (Leadership Skill Development) ကို ဒေါက်တာစန္ဒီဝင်း (Founder of Sandi Education) မှ ဟောပြောပို့ချခဲ့ပြီး သင်တန်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား ၃၆ ဦးနှင့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများမှ သင်တန်းသား ၈ ဦး စုစုပေါင်း ၄၄ ဦး  တက်ရောက်ခဲ့ကြသည်။