MPA Logo

new banner

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးစီး၍ ဖွင့်လှစ်ခဲ့သည့် ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်၊ သြဂုတ်လ ၂၈

   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်၍ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၃ ဖွင့်ပွဲအခမ်းအနားကို ၂၈-၈-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်နှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်နည်းပြများဖြစ်ကြသည့် ကပ္ပတိန်အောင်ခင်မြင့်၊ ကပ္ပတိန် ဝင်းနိုင်ညွန့်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြန်မာ့မီးရထား၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ လက်ထောက်သင်တန်းနည်းပြများ၊ သင်တန်းတာဝန်ခံ၊ ဌာနဆိုင်ရာနှင့် ကုန်သေတ္တာဆိပ်ကမ်းများ၊ ကုန်သေတ္တာသင်္ဘောလိုင်းများနှင့် ကုန်သေတ္တာခွံသိုလှောင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၄၅)ဦး၊ စုစုပေါင်း (၇၀)ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)တွင် ပို့ချပြီး၊ လက်တွေ့လေ့ကျင့်မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတွင် လေ့ကျင့်သင်ကြားပေး မည်ဖြစ်ပါသည်။

   အဆိုပါသင်တန်းအား ဖွင့်လှစ်ပို့ချခြင်းကြောင့် ကုန်သေတ္တာများကို အသုံးပြု၍ ကုန်သွယ်မှုအား တွင်ကျယ်စွာ အသုံးပြုလာကြသည့် ရေကြောင်းကုန်သွယ်မှုနှင့် ကုန်းတွင်းကုန်သွယ်မှုလုပ်ငန်း များတွင် အထောက်အကူပြုလျက်ရှိသည့် ကုန်သေတ္တာစစ်ဆေးခြင်းနှင့်ပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံတကာစံပြု Guideline များကို သိရှိနားလည်ပြီး မိမိအဖွဲ့အစည်းတွင် ပြန်လည် တိုးချဲ့ဖြန့်ဝေနိုင်သည့်အတွက် အရည်အချင်းပြည့်ဝစွာဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေခြင်း၊ လုပ်ငန်းခွင်တွင် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း အဆင့်အတန်းမှီစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သေတ္တာအား အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်သူများနှင့် ကုန်သေတ္တာအခွံ အပ်နှံထိန်းသိမ်းပြုပြင်သည့် လုပ်ငန်း ဆောင်ရွက်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ လျော့နည်းပပျောက်သွားစေမည်ဖြစ်ပါသည်။

wpChatIcon
wpChatIcon