ရန်ကုန်၊ ဇူလိုင် ၁၃
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ လုံခြုံရေးဌာနခွဲနှင့် သန့်သာဌာနခွဲတို့မှ ဝန်ထမ်းများအား မိုးရာသီ၊ လုပ်ငန်းခွင်သုံး မိုးကာအင်္ကျီ၊ လည်ရှည်ဖိနပ်နှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၆ ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဌာနမှူးများနှင့် လုံခြုံရေး ဌာနခွဲ၊ သန့်/သာဌာနခွဲမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများမှ လုံခြုံရေး ဌာနခွဲမှ ဝန်ထမ်းများအား မိုးရာသီ၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရာ၌ ဝတ်ဆင်ရန် မိုးကာအင်္ကျီများကိုလည်းကောင်း၊ သန့်/သာဌာနခွဲမှ ဝန်ထမ်းများအား မိုးကာအင်္ကျီအပြင် သန့်ရှင်းရေးဆောင်ရွက်ရာတွင် အသုံးပြုရန် လည်ရှည်ဖိနပ်နှင့် လက်အိတ်များကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဝန်ထမ်းများအား မိုးရာသီ လုပ်ငန်းခွင်သုံး မိုးကာအင်္ကျီ၊ လည်ရှည်ဖိနပ်နှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အချိန်ပြည့်တာဝန်ထမ်း ဆောင်နိုင်ခြင်း၊ ဝန်ထမ်းစိတ်ဓာတ်မြင့်မားလာစေခြင်းအပြင် ယခုကဲ့သို့ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို ဌာနမှ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဌာနနှင့်ဝန်ထမ်းများအတွက် အကျိုးရလဒ် ကောင်းများ ပိုမိုရရှိစေမည်ဖြစ်ပါသည်။
July 30, 2026
July 28, 2026
July 17, 2026