MPA Logo

new banner

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တို့မှ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့်စက်မောင်း (Simulator)ကျွမ်းကျင်သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရန်ကုန်၊ ဇူလိုင် ၁၃

   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တို့မှ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် စက်မောင်း (Simulator) ကျွမ်းကျင်သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်း အနားကို ၁၃-၇-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်မှ ဌာနမှူး၊ သင်တန်းတာဝန်ခံ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတား(၈)ခုမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၃၅) ဦးတို့  တက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီးတို့မှ အမှာစကားပြောကြားခဲ့ကြပြီးသင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသားကိုယ်စားလှယ်များထံသို့ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အဆိုပါသင်တန်းအား ၁၀-၆-၂၀၂၆ ရက်နေ့မှ ၁၂-၆-၂၀၂၆ ရက်နေ့အထိ စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ချပေးခဲ့ပြီး လက်တွေ့လေ့ကျင့်မှုအတွက် Simulator ဖြင့် လေ့ကျင့်မှုကို မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်တွင် ၁၅-၆-၂၀၂၆ ရက်နေ့မှ ၃-၇-၂၀၂၆ ရက်နေ့အထိ အဖွဲ့သုံးဖွဲ့ခွဲ၍ တစ်ဖွဲ့ လျှင် ၅ ရက်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

   အဆိုပါ သင်တန်းကိုဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ခြင်းကြောင့် ဆိပ်ကမ်းကုန်တင်/ချလုပ်ငန်းခွင်တွင် စက်ယန္တရားများကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်နိုင်သည့် စက်မောင်းဝန်ထမ်းများ ပေါ်ထွက်လာပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်တင်/ကုန်ချလုပ်ငန်းများ မြန်ဆန်သွက်လက် လာစေမည်ဖြစ်ပါသည်။