MPA Logo

new banner

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (Federation of Thai Industries) နှင့် ထိုင်း – မြန်မာစီးပွားရေး ကောင်စီ (Thailand-Myanmar Business Council–TMBC )တို့မှ ကိုယ်စားလှယ်အဖွဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်(Federation of Thai Industries)၊ ထိုင်း- မြန်မာစီးပွားရေးကောင်စီ (Thailand-Myanmar Business Council – TMBC )၏ ဥက္ကဋ္ဌ Mr.Kich Aungvitulsatit ဦးဆောင်သော ထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ၁၇-၇-၂၀၂၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောတာဝန်ရှိသူများနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၌ လာရောက်တွေ့ဆုံ၍ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက်လည်းကောင်း၊ကုန်သွယ်မှုအခွင့်အလမ်းများကို လေ့လာရန်အတွက်လည်းကောင်း၊ လက်ရှိနှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေအပေါ် အမြင်ချင်းဖလှယ်ရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်မည့်နည်းလမ်းများကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။