MPA Logo

new banner

စက်မောင်း(Simulator) ကျွမ်းကျင်သင်တန်းအမှတ်စဉ်(၃)နှင့် ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်း ရေး ဆောင်ရွက်ခြင်းနှင့် ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း(Guide for Container Inspection, Cleaning & Repair, Basic Training) အမှတ်စဉ်-၃ တို့၏ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခြင်း

ရန်ကုန်၊ စက်တင်ဘာလ ၁၁

   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တို့ ပူးပေါင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် စက်မောင်း(Simulator)ကျွမ်းကျင်သင်တန်းအမှတ်စဉ်(၃)နှင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှဦးဆောင်၍ ဖွင့်လှစ်ပို့ချခဲ့သည့် ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပြုပြင်ခြင်းတို့အတွက် အခြေခံသင်တန်း (Guide for Container Inspection, Cleaning & Repair, Basic Training)အမှတ်စဉ်-၃ တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၁၁-၉-၂၀၂၆ ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်နှင့် ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သည့်နည်းပြများ၊ ကုန်သေတ္တာ ဆိပ်ကမ်းတံတားများနှင့်   ICD များ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၉ ဦးတို့တက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စက်မောင်း(Simulator)ကျွမ်းကျင်သင်တန်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တွင် ၂၂-၇-၂၀၂၆ ရက်မှ ၂၄-၇-၂၀၂၆ ရက်အထိ စာတွေ့ပို့ချပြီး၊ လက်တွေ့လေ့ကျင့်မှုကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ၂၇-၇-၂၀၂၆ မှ ၂၁-၈-၂၀၂၆ ရက်အထိ လေ့ကျင့်သင်ကြားပေးခဲ့ ပါသည်။ ကုန်သေတ္တာစစ်ဆေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပြုပြင်ခြင်းတို့အတွက် အခြေခံ သင်တန်း၏ စာတွေ့ဘာသာရပ်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)နှင့်လက်တွေ့လေ့ကျင့် မှုကို မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် ၂၉-၈-၂၀၂၆၊ ၃၀-၈-၂၀၂၆၊ ၅-၉-၂၀၂၆ နှင့် ၆-၉-၂၀၂၆ ရက်များ တွင် အသီးသီးလေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

   အဆိုပါသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကြောင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တံတားများတွင် ဆိုက်ကပ်သည့် နိုင်ငံခြားသင်္ဘောကြီးများပေါ်သို့ ကုန်တင်/ကုန်ချ ဆောင်ရွက်ရာမှာ အသုံးပြုသည့် စက်ယန္တရားများကို ကျွမ်းကျင်စွာ ကိုင်တွယ်‌ဆောင်ရွက်စေနိုင်မည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်း စေရေးနဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုတိုးတက်စေမည့်အပြင် ကုန်သေတ္တာများဖြင့် ကုန်သွယ်မှုအား တွင်ကျယ်စွာအသုံးပြုလာကြသည့် ရေကြောင်းကုန်သွယ်မှုနှင့် ကုန်းတွင်းကုန်သွယ်မှုလုပ်ငန်းများတွင် သိရှိနားလည်ထားရမည့် အခြေခံစံနှုန်းသတ်မှတ်ချက်များနှင့် နိုင်ငံတကာစံနှုန်းများကိုသိရှိ နားလည်ပြီး လုပ်ငန်းဆောင်ရွက်သူများအကြားလုပ်ငန်းခွင် အဆင်ပြေချောမွေ့စေပြီး အငြင်းပွားမှုများ လျော့နည်းပပျောက်စေမည်ဖြစ်ပါသည်။

wpChatIcon
wpChatIcon