၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့မှ အောက်တိုဘာလ(၁၁)ရက်နေ့အထိကာလ အတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ( ၂၀.၁၁ )ပေခန့်မှ (၂၁.၄၉) ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့်ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံ ရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အလို့ငှာယခုကဲ့သို့သတိပေးသတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အသိပေး အကြောင်း ကြားအပ်ပါသည်။