MPA Logo

ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၂၅ခုနှစ်၊ မေလ( ၂၇ )ရက်နေ့ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀.၀၅)ပေခန့် သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေ နှင့်ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ် များတွင် ရန်ကုန်မြစ်အတွင်း အ‌ခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့် သည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများ အနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အသိပေး အကြောင်းကြားအပ်ပါသည်။