Northeast Asia Logistics Information Service Network (NEAL-NET)

ကမ္ဘာ့ရေကြောင်းအဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင်နှစ်ဦးဖြင့် မြန်မာ့နိုင်ငံသို့ လာရောက်ပြီး Northeast Asia Logistics Information Service Network (NEAL-NET) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Feasibility Study ပြုလုပ်ရန် လာရောက်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် (၆-၃-၂၀၁၇) ရက်နေ့မှ (၁၀-၃-၂၀၁၇) ရက်နေ့အထိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့နှင့်အတူ သက်ဆိုင်ရာ ဆိပ်ကမ်း တံတားများ၊ ကုန်စည်ပို့ဆောင်ရေးဆောင်ရွက်သည့် အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

၁၇-၃-၂၀၁၇ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လာရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် Port EDI စနစ်အား ရှင်းလင်းဆွေးနွေးမှုအား နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်လည်ကောင်း၊ IMO FAL Form များ အသုံးပြုပြီး ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို နေ့ခင်းပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန လည်းကောင်း ဆွေးနွေးလေ့လာဆောင်ရွက်ခဲ့ကြပါသည်။

News Archived