Post date: 10/May/2019

၂၀၁၉ခုနှစ်၊ မေလ (၁၈)ရက်နေ့မှ မေလ (၂၀) ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၀၀)ပေခန့်မှ (၂၀.၁၀) ပေခန့် အထိ သာမန်ထက်ထူးကဲဒီရေတက် ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားနိုင်ရန်အလို့ငှာ  ယခုကဲ့သို့သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆ

Post date: 07/May/2019

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများကို ၂၀၁၉ - ခုနှစ် မေလ(၁၈) ရက်နေ့ (ကဆုန်လပြည့်နေ့)တွင် ပိတ်ထားမည်ဖြစ်ပါ၍၊ ကုန်တင်∕ကုန်ချနှင့် ကုန်ထုတ်လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရ မည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

Post date: 02/Apr/2019

ရန်ကုန်ဆိပ်ကမ်းရှိတံတားများ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများကို နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ၂၀၁၉ - ခုနှစ် ဧပြီလ(၁၃)ရက်နေ့ မှ ၂၀၁၉-ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပါ၍၊ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

Pages