ထူးကဲဒီရေတက်မည့်အကြောင်းသတိပေးချက်

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၃)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၀.၀)ပေခန့်မှ (၂၀.၇)ပေခန့်အထိ သာမာန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ယခုကဲ့သို့ သတိပေးသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်း ကြားအပ်ပါသည်။

Announcement