Welcome to Myanma Port Authority

မြန်မာ့ပို့ကုန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေဆိပ်ကမ်းတံတားများမှ ဥရောပနှင့် အာဖရိကနိုင်ငံ များသို့ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခြင်း

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ် ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့လျှက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင်  ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ  စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်း သင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)ကိုလည်း ကောင်း၊ တင်ပို့နိုင်ခဲ့ပါသည်။

Zawgyi

ကွန်ပျူတာအသုံးချ ရုံးသုံးပရိုဂရမ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲ

ကွန်ပျူတာအသုံးချ ရုံးသုံးပရိုဂရမ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားသို့ ဦးဆောင်ညွှန်ကြားရေးမှူး တက်ရောက်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ မတ် (၁၈)

Zawgyi

Announcement

Down Time အဖြစ် ကြေငြာခြင်း

Port EDI Operation လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော UPS (၁) လုံးသည် နှစ်ကာလ ကြာမြင့်ပြီး ချို့ယွင်းလာပါ၍ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ Power Source များ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများအား ပြုလုပ်မည်ဖြစ်ပါသဖြင့် Port EDI စနစ်တွင် အသုံးပြုလျက်ရှိသော User များအတွက် အောက်ပါကာလအတွင်း Down Time အဖြစ် ကြေငြာသတ်မှတ်လိုက်သည်-

နေ့ရက်/အချိန်       - ၁၆-၁၂-၂၀၂၁ (ကြာသပတေးနေ့) နံနက် (၀၇:၀၀) မှ

                           - ၁၇-၁၂-၂၀၂၁ (သောကြာနေ့) နံနက် (၀၇:၀၀) ထိ

Zawgyi

5000 BHP, 65 BPT, 34M, ASD Tug တွန်း/ဆွဲရေယာဉ်အသစ် (၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခြင်း

"ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းနှင့် ရေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေရေး အတွက် အင်အားဖြည့်တင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မှာယူ တည်ဆောက်ခဲ့သည့် 5000 BHP, 65 BPT, 34M, ASD Tug တွန်း/ဆွဲရေယာဉ်အသစ် (၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခြင်း"

Zawgyi

ရန်ကုန်ဆိပ်ကမ်းတွင် ကိုဗစ်-၁၉ ရောဂါ တာဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိသည့်အစီအမံများ

                      ရန်ကုန်ဆိပ်ကမ်းတွင် ကိုဗစ်-၁၉ ရောဂါ တာဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိသည့်အစီအမံများ

Zawgyi

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများမှ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိခြင်း

ယခုအခါမှာ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်စေရန်အတွက် တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက် များကို သတ်မှတ်ကြေညာပေးခဲ့ပါသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရန်နှင့် ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်း များ မိဘပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းတံတားအသီးသီးတို့သည် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ပါသည်။

Zawgyi

အများပြည်သူရုံးပိတ်ရက်တွင် ကုန်ပစ္စည်းများ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

             “အများပြည်သူရုံးပိတ်ရက်တွင် ကုန်ပစ္စည်းများ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း”

နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရော ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှစ ၈ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့ပါသည်။ သို့ရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မရပ်တန့်စေရေးနှင့် ပြည်ပမှ ပင်လယ်ရေ ကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ မိဘပြည်သူများ လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိ စေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတား အသီးသီးသည် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။

Zawgyi

ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းသူများသို့ အသိပေးကြေညာချက်

"ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းသူများသို့ အသိပေးကြေညာချက်"

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသည်၊ ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်များ မိဘပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် AWPT/HPT, MIPနှင့် MITT ဆိပ်ကမ်းတံတားအသီးသီးသို့ ၂၆-၇-၂၀၂၁ ရက်နေ့အထိရောက်ရှိပြီးဖြစ်သော ဆေးနှင့်ဆေးပစ္စည်း ကုန်သေတ္တာများကို အမြန်ဆုံး/ချက်ခြင်းထုတ်ပေးသွားနိုင်ရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

Zawgyi

ဆေးနှင့်ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးလျက်ရှိခြင်း

"ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့်တင်သွင်းလာသည့်ဆေးနှင့်ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးလျက်ရှိခြင်း"

Zawgyi