MPA Logo

new banner

အောက်ဆီဂျင်အိုးများ လက်ရှိ ဖြန့်ဖြူးနေမှု အခြေအနေ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းရှိ အောက်ဆီဂျင်စက်ရုံ အနေဖြင့် (၆-၇-၂၀၂၁) ရက်နေ့မှ (၁၀-၇-၂၀၂၁) ရက်နေ့အထိ (၂၄) နာရီ ပြန်လည် လည်ပတ်ပြီး အများပြည်သူသို့ စက်ရုံမှ ထွက်ရှိသမျှသော အောက်ဆီဂျင်များကို ကြိုးစားဖြန့်ဖြူးပေးခဲ့ပါသည်။

(၁၁-၇-၂၀၂၁) ရက်နေ့မှစ၍ အရေးပေါ်လူနာများကို အထူးကြပ်မတ်ကုသမှုများ ပေးနေကြသည့် Covid စင်တာများဖြစ်သော အင်းယားစင်တာ၊ ရိုးမစင်တာနှင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးတို့သို့ အရေးပေါ်လိုအပ်ချက်များအရ စက်ရုံမှ ထွက်ရှိသမျှကို ဖြည့်တင်းပေးနေရပါကြောင်း အသိပေးအပ်ပါသည်။