MPA Logo

new banner

ဆေးနှင့်ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးလျက်ရှိခြင်း

“ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သေတ္တာဖြင့်တင်သွင်းလာသည့်ဆေးနှင့်ဆေးပစ္စည်းများအား ဆိပ်ကမ်းတံတားများမှ အမြန်ဆုံးထုတ်ပေးလျက်ရှိခြင်း”

ယခုအခါ အခြားအိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါကုသရေးနှင့် ကူးစက်ပျံ့ပွားမှုများအား တားဆီးကာကွယ် ထိန်းချုပ်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှမှာယူတင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများကို သုံးစွဲသူမိဘပြည်သူများလက်ဝယ်သို့ အမြန်ရောက်ရှိစေရေး အတွက် ဆေးနှင့်ဆေးပစ္စည်းကုန်သေတ္တာများအား အမြန်ဆုံး ဆိပ်ကမ်းမှထုတ်ပေးနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများသည် အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။

ယခင်လများတွင် ပင်လယ်ရေကြောင်းဖြင့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းမှု ၁ – ၁.၂ % သာရှိခဲ့ရာမှ ယခုလတွင် ၆.၅% အထိ တိုးတက်တင်သွင်းလာခဲ့ပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာများအား ကုသရာတွင် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ပစ္စည်း (Oxygen Plant)များ၊ Oxygen Concentrator များ၊ အခြားဆေးပစ္စည်းများနှင့် ဆေးဝါးများ ပါဝင်ပါသည်။