ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် သံလမ်းများ သင်္ဘောပေါ်မှ ချပေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ(ODA)ချေးငွေဖြင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန် နိုင်ငံမှ ဝယ်ယူခဲ့သော Steel Rail (၈၂’)အရှည် မီးရထားသံလမ်းများတင်ဆောင်လာသော သင်္ဘော များအား ဆူးလေအမှတ်(၅)တံတားတွင် ဆိုက်ကပ်ပြီး သင်္ဘောပေါ်မှ ရထားတွဲများပေါ်သို့ ချယူရာ တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာနမှ ကာယ၊ ဉာဏဆိပ်ကမ်း လုပ်သားကြီးများမှ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးရမည့် စီမံကိန်းလုပ်ငန်းအဖြစ်ခံယူ၍  ဆောင်ရွက်ပေး ခဲ့ပါသည်။ (၁-၅-၂၀၁၉)ရက်နေ့မှ (၃၁-၁၀-၂၀၂၀)ရက်နေ့အထိ စုစုပေါင်း သင်္ဘောစီးရေ(၁၈) စီးဖြင့် တင်ဆောင်လာသည့် သံလမ်းစည်းထုတ်ရေ စုစုပေါင်း 8431 Bdls နှင့် GC (381)Pkgs၊ စုစုပေါင်း တန်ချိန် (၅၃၅၀၀.၄၂၄) တန်အား ဝန်ဆောင်မှုပေးခဲ့ပါသည်။