မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေးကြေညာချက်

၁။ နိုင်ငံတကာကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နေစေရေး အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများ ဝင်/ထွက်ဆိုက်ကပ်ရန်နှင့် ကုန်တင်ချ လုပ်ငန်းစဉ်များအား နှောင့်နှေးကြန့်ကြာခြင်းမရှိစေရန်နှင့် လုံခြုံမှုရှိစေရန် အထူးဂရုပြု ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထို့အပြင် ရေကြောင်းပြရရှိရေး၊ ဆိပ်ကမ်းတံတားနေရာရရှိရေးတို့အတွက် လည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ဆိပ်ကမ်းတံတားများတွင်လည်း ကုန်တင်/ကုန်ချလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ဆောင်နိုင် ရန် ကြီးကြပ်စီမံဆောင်ရွက်ပေးနေသည့်အတွက် ကုန်တင်/ကုန်ချလုပ်ငန်းများလည်း အဆင်ပြေ ချောမွေ့စွာ လည်ပတ်လျက်ရှိပါသည်။ ကုန်ပစ္စည်းပိုင်ရှင်များအနေဖြင့် အခက်အခဲမရှိစေရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ထုတ်ယူရာတွင်လည်းကောင်း၊ တင်ပို့မည့် ကုန်ပစ္စည်းများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရန် အတွက်လည်းကောင်း ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ကုန်သေတ္တာအခွံများ အား သတ်မှတ် Depot များသို့ ပို့ဆောင်နိုင်ရေးအတွက်လည်း ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ဆိပ်ကမ်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိနေပါသည်။

၃။ ယခုအခါ ဘဏ်လုပ်ငန်းများအားလုံးလည်း ပုံမှန်အတိုင်းလည်ပတ်နေပြီး၊ ကုန်သေတ္တာတင် ယာဉ်မောင်းနှင်သူများအနေဖြင့်လည်း ရန်ကုန်မြို့တွင်း ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး လမ်း ကြောင်းများတွင် အခက်အခဲအတားအဆီးမရှိ ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်၍ ရန်ကုန်မြို့တွင်းမှ အနယ်နယ်အရပ်ရပ်သို့လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့တွင်းသို့လည်းကောင်း၊ ကုန်စည်များ ပုံမှန်အတိုင်း အခက်အခဲမရှိ စီးဆင်း လျက်ရှိနေပြီ ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းကို ပုံမှန် အတိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ကုန်စည်ထုတ်ယူခြင်း၊ ဆိပ်ကမ်းလုပ်ငန်းရှင်းလင်းခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း လုပ်ငန်းစဉ်များအားလည်း ပုံမှန် အတိုင်း အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည့် သင်္ဘောလိုင်းများအနေဖြင့် နှောင့်နှေးကြန့်ကြာမှု၊ လုံခြုံမှုအတွက် စိုးရမ်ကြောင့်ကျ မရှိဘဲ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ဆိုက်ကပ်နိုင်ပါကြောင်း၊ နိုင်ငံတကာ သင်္ဘောလိုင်းများ၊ ပြည်တွင်း/ပြည်ပမှ ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များသို့ အသိပေးအကြောင်းကြားအပ်ပါသည်။