မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဝန်ထမ်းများအား Covid-19 ကာကွယ်တားဆီးရေးစီမံဆောင်ရွက် ပေးခြင်း

Covid-19 ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ရုံးအဆောက် အဦများအား တစ်ပတ်လျှင် သုံးရက်ဆေးဖြန်းခြင်း၊ ဝန်ထမ်း တစ်ဦး နှင့် တစ်ဦး (၆)ပေခွဲခြား၍ လုပ်ငန်းတာဝန်များအား ဆောင်ရွက်စေခြင်း၊ ရုံးတွင်းသို့ ပြင်ပမှ ဝင်ရောက်လာပါက လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်း၊ Mask တပ်ပြီးမှသာ ရုံးတွင်းသို့ ဝင်ရောက်ခြင်း၊ နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေးရည်များကိုလည်း ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား ဝန်ကြီးရုံးမှပေးပို့လာသည့်အပေါ် တိကျစွာလိုက်နာရန် ဌာန/ဌာနခွဲများသို့ အချိန်နှင့်တပြေးညီ နှိုးဆော်ဖြန့်ဝေခြင်း များဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများအတွက် စီစဉ်ထားသည့် ကြို/ပို့ယာဉ်များအား ပုံမှန်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ယာဉ်များပေါ်တွင် ဝန်ထမ်းများခြောက်ပေခွာ၍ စီးနင်းနိုင်ရန် စီမံဆောင်ရွက်ပေးပါသည်။