ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ် “မာန်အောင်-၄” လွွှဲပြောင်း

၃၂ မီတာ၊ မြင်းကောင်ရေ ၃၀ဝ၀ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ် "မာန်အောင်-၄" လွှဲပြောင်း

****************************

ရန်ကုန်၊ အောက်တိုဘာ ၆

၃၂ မီတာ၊ မြင်းကောင်ရေ ၃၀ဝ၀ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ် "မာန်အောင်-၄" လွှဲပြောင်းပေးခြင်းအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ "ယနေ့ကုန်သွယ်မှုလုပ်ငန်းမှာ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းဟာ အဓိက အခန်း ကဏ္ဍမှာ ပါဝင်လျှက်ရှိပါတယ်၊နိုင်ငံရဲ့ဆိပ်ကမ်းဟာ တနေ့ထက် တစ်နေ့တိုးတက် ကြီးမားလာတာနဲ့အမျှ ဆိပ်ကမ်းလုပ်ငန်းဟာလည်း အဓိက ပါဝင်လာခဲ့ပါတယ်။လက်ရှိ ဆိပ်ကမ်းများဟာ ကုန်သွယ်မှု စွမ်းအားရဲ့ ၄ပုံ ၃ပုံကျော်သို့ ရောက်ရှိနေပြိ ဖြစ်တဲ့အတွက် ဆိပ်ခံတံတာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan များရေးဆွဲပြီး ဆောင်ရွက်နေတာကိ်ု တွေ့ရှိရမှာ ဖြစ်ပါတယ်။၁၀ နှစ်တာ ကာလ အတွင်းမှာ ရန်ကုန်ဆိပ်ကမ်းအတွင်း ဝင်/ထွက် သွားလာနေကြတဲ့ သင်္ဘောအစီးအရေ ပမာဏဟာ နှစ်ဆခွဲလောက် တိုးတက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ယခုလွဲပြောင်းပေးမယ့် ရေယာဉ်ထက် စွမ်းဆောင်ရည်မြင့်မားတဲ့ မြင်းကောင်ရေ ၅၀ဝ၀ ရတဲ့ ZAzimuth Stern Drive အမျိုးအစား ASD Tug (၂) စီးကိုလည်း တည်ဆောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်မှ "ရန်ကုန်ဆိပ်ကမ်းဟာ နိုင်ငံခြား ရေကြောင်းကုန်သွယ်မှု ၉၀%ကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ နိုင်ငံတကာသင်္ဘောကြီးများရပ်နားနိုင်တဲ့ ဆိပ်ကမ်း တံတား ၂၆စင်း ရှိပြီး သီလဝါဒေသတွင် ၁၂ စင်းရှိရာ စုစုပေါင်း ၃၈ စင်းရှိပါတယ်။ယနေ့လွဲပြောင်းမယ့် "မာန်အောင် - ၄"ဟာ အလျား ၃၂ မီတာ အနံ၁၁ မီတာ နှင့် စောက်၅ မိီတာရှိပြီး တနာရီရေမှိုင်နှုန်း ၁၂ မိုင်နှုန်းမောင်းနှက်နိုင်ပါတယ်။အင်ဂျင်ပါဝါမှာ မြင်းကောင်ရေ ၁၅၈၂ ရှိ YANMAR အင်ဂျင် ၂ လုံး စုစုပေါင်း ပါဝါ ၃၁၆၄ ရှိတဲ့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာ စွမ်းအားကြီးမားတဲ့ တွန်း/ဆွဲရေယာဉ်ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

#Transcom