Post date: 18/Nov/2019

၂၀၁၉ခုနှစ်၊နိုဝင်ဘာလ (၂၆)ရက်နေ့မှ ‌နိုဝင်ဘာလ(၂၇)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၁၁)ပေခန့်မှ (၂၀.၁၅)ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားနိုင်ရန် အလို့ငှာ ယခုကဲ့သို့သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်

Post date: 13/Nov/2019

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ကုန်လှောင်ရုံများနှင့် ချလံရုံးများကို ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့)တွင် ပိတ်ထားမည်ဖြစ်ပါ၍၊ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေးပေးဆောင်ရမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

Post date: 01/Nov/2019
Post date: 31/Oct/2019

ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ကုန်လှောင်ရုံများနှင့် ချလံရုံးများကို တန်ဆောင်တိုင်ရုံးပိတ်ရက်များဖြစ်သော ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့မှ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့ထိ ပိတ်ထားမည်ဖြစ်ပါ၍၊ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုပါက ပိတ်ရက်ခကြေးပေးဆောင်ရမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

Pages