MIP, AWPT, MIPL, MITT ဆိပ်ကမ်းဝင်းအတွင်းရှိ လေလံကုန်သေတ္တာ(၆)လုံးအတွင်းရှိ ပစ္စည်းများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

၁။       MIP, AWPT, MIPL, MITT ဆိပ်ကမ်းဝင်း အတွင်းရှိ လေလံ ကုန်သေတ္တာ(၆)လုံး အတွင်းရှိ Used Clothes, RAW MATERIAL, Used Tyres, သိုး/ ဆိတ် သားရေကြမ်း၊ စားတော်ပဲများနှင့် LCL Shipment (၃)ခုတို့ကို လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၈-၇-၂၀၂၂) ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည် ဖြစ်ပါသည်။

၂။       တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် (၂၇-၆-၂၀၂၂) ရက်နေ့မှ (၆-၇-၂၀၂၂)ရက်နေ့အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်း  ဆက်သွယ် ဝယ်ယူနိုင်ပြီး  အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

It appears your Web browser is not configured to display PDF files. Download adobe Acrobat or click here to download the PDF file.

Announcement