လေလံကုန်သေတ္တာအတွင်းမှ ကုန်ပစ္စည်းများကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ ကုန်လုပ်ငန်းဌာန ၊ ဆူးလေဆိပ်ကမ်းဝင်းအတွင်းရှိ လေလံကုန်သေတ္တာ (၃၂) လုံးအတွင်းမှ ကုန်ပစ္စည်းများ ( Lot အတွဲ (၁၂) တွဲ ) ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမှုကို ပူးတွဲပါအစီအစဉ်အတိုင်း ဆောင်ရွက်လျက် ရှိပါသည်။

            ယခုအခါ ဆူးလေဆိပ်ကမ်းဝင်းအတွင်း လေလံတင်ပစ္စည်းများကြည့်ရှုခြင်းကို ၉-၁-၂၀၁၉ မှ ၂၅-၁-၂၀၁၉ ထိ ( ရုံးဖွင့်ရက်အတွင်း ) နံနက်ပိုင်း ၁၀:၀၀ နာရီမှ မွန်းလွဲပိုင်း ၁၄:၀၀ နာရီထိ သတ်မှတ်တင်ဒါပုံစံဝယ်ယူထားသူများမှ လာရောက်ကြည့်ရှု လျက်ရှိ နေကြပါသည်။

 

Announcement