ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှ အောက်တိုဘာလ (၁၇) ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ် အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၁၁)ပေခန့်မှ (၂၀.၂၁) ပေခန့် အထိ သာမန်ထက်ထူးကဲဒီရေတက် ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားနိုင်ရန် အလို့ငှာ  ယခုကဲ့သို့သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အသိပေးအကြောင်းကြား အပ်ပါ သည်။

 

Announcement