ထူးကဲဒီရေတက်မည့်အကြောင်း သတိပေးချက်

၂၀၁၉ခုနှစ်၊ မေလ (၁၈)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ ကာလအတွင်းတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ (၂၀.၀၀)ပေခန့်မှ (၂၀.၁၀)ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယင်းထူးကဲဒီရေနှင့်ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ(၂၂)ပေခန့်ထိတက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ ရန်ကုန်မြစ်၏ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အလို့ငှာ ယခုကဲ့သို့ သတိပေး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးအကြောင်းကြားအပ်ပါသည်။

Announcement