MPA Logo

MIP, AWPT, MIPL, MITT ဆိပ်ကမ်းဝင်းအတွင်းရှိ လေလံကုန်သေတ္တာ(၆)လုံးအတွင်းရှိ ပစ္စည်းများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

၁။      MIP,AWPT,MIPL,MITT ဆိပ်ကမ်းဝင်း အတွင်းရှိ လေလံ ကုန်သေတ္တာ(၆)လုံး အတွင်းရှိ Used Clothes, RAW MATERIAL, Used Tyres, သိုး/ဆိတ်သားရေ ကြမ်း၊ စားတော်ပဲများနှင့် LCL Shipment (၃)ခုတို့ကို လက်ရှိ မျက်မြင် အခြေအနေအတိုင်း (၈-၇-၂၀၂၂) ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံ တင်ထုခွဲ ရောင်းချမည် ဖြစ်ပါသည်။

၂။       တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင်(၂၇-၆-၂၀၂၂)ရက်နေ့မှ(၆-၇-၂၀၂၂)ရက်နေ့အထိ ရုံးဖွင့် ရက်/ ရုံးချိန်အတွင်း  ဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ် သိရှိ လိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။