MPA Logo

5 HP Celling Suspended Type (9) Nos & 2 HP Split Type (1)No ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စက်မှုအင်ဂျင်နီယာဌာနမှ ဝယ်ယူပေးရန် မှာကြားလာသည့် စက်ဆန်းမိသားစုဝန်ထမ်း အိမ်ရာရှိ Multi Function Assembly Hall တွင် တပ်ဆင် အသုံးပြုရန် လိုအပ်သော လေအေးပေးစက် (၁၀)လုံး (5 HP Celling Suspended Type (9) Nos & 2 HP Split Type(1)No)ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှကျခံဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ အထက် ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက်ထုတ်ပေးသည့်အခွန်ကင်းရှင်း ကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ ကုမ္ပဏီ/အရောင်းဆိုင်၏သက်တမ်းရှိ လိုင်စင် (မိတ္တူ)နှင့်အဆိုပြုစျေးနှုန်း တင်သွင်းမည့်ပစ္စည်း၏ အမျိုးအစားတို့ကို ပြည့်စုံစွာပူးတွဲတင်ပြ ရမည်ဖြစ် ပါ သည်။အထက်ပါအချက်အလက်များပြည့်စုံစွာ ပူးတွဲတင်ပြထားခြင်းမရှိပါကဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ် ပါ။

၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ်၂၅၀,၀၀၀/-(ကျပ်နှစ်သိန်းငါးသောင်းတိတိ)ကိုတင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၃၀၂၀၂၃ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၂,၀၀၀/- နှုန်းဖြင့် (၂၅-၅-၂၀၂၃) ရက်နေ့ မှစ ၍(၃၀-၅-၂၀၂၃)ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်းဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင် ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁-၆-၂၀၂၃ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)