MPA Logo

၂၀၂၃ ခုနှစ်၊ မေလအတွက် အသုံးပြုရန် လိုအပ်သော စက်သုံးဆီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၃ခုနှစ်၊ မေလ အတွက်) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား ၁၁၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်။

၂။တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး)၊ ဗိုလ်တထောင် မြို့နယ် တွင် (၂၁-၄-၂၀၂၃) ရက်နေ့မှ စ၍ (၉-၅-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါ ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။