MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ် သော Marine Paint (6) Items/1 – Lot အတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ရေကြောင်းဌာနမှလိုအပ်သော Marine Paint (6)Items/ 1- Lot ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါ သည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ် တံဆိပ်ခေါင်းခွန် အတွက်ကုမ္ပဏီမှ ကျခံဆောင်ရွက် ပေးရန်ဖြစ်ပါသည်။အထက်ဖော်​​​ပြပါပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။       တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ်အလိုက်ထုတ် ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊တင်ဒါစပေါ်ငွေပေးသွင်းပြေစာ (မိတ္တူ)၊ကုမ္ပဏီ/အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏ Specification/Catalogue တို့ကို ပြည့်စုံ စွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါအချက်အလက်များ ပြည့်စုံစွာပူးတွဲတင်ပြထားခြင်း မရှိပါကဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။      တင်ဒါတင်သွင်းရာတွင်ငွေကျပ်၂,၀၀၀,၀၀၀/-(ကျပ် သိန်းနှစ်ဆယ် တိတိ)ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနတွင် ၁၃၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။

၄။      တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၁၀,၀၀၀/-နှုန်းဖြင့်(၆-၅-၂၀၂၂) ရက်နေ့မှစ၍ (၁၃-၅-၂၀၂၂) ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ကွန်ကရစ်လမ်း၊Toll Gateအနီး၊ကမ်းနားလမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
    ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
    ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
    (“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁၇-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)