MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ် သော ရုံးသုံးစာရေးကိရိယာပစ္စည်းများ အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိဌာနများတွင်အသုံးပြုရန်လိုအပ်သောရုံးသုံးစာရေးကိရိယာပစ္စည်း များကို ဝယ်ယူရေးကိစ္စ အတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ်တံဆိပ် ခေါင်းခွန် အတွက်ကုမ္ပဏီမှကျခံ ဆောင်ရွက် ပေးရန် ဖြစ်ပါသည်။ အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။       တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊တင်ဒါ စပေါ်ငွေ ပေးသွင်း ပြေစာ(မိတ္တူ)၊ကုမ္ပဏီ/ အရောင်းဆိုင်၏ လိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏အမျိုးအစားတို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြရမည် ဖြစ်ပါ သည်။အထက်ပါ အချက်အလက်များ ပြည့်စုံစွာပူးတွဲတင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၃။      တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/-(ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် ၁၃၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။

၄။      တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ်၁၀,၀၀၀/- နှုန်းဖြင့် (၆-၅-၂၀၂၂)ရက်နေ့မှစ၍(၁၃-၅-၂၀၂၂)ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
    ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
    ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
    (“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁၇-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)