MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလအတွက် စက်သုံးဆီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွက်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ အတွက်) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူ လိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၁၀၁၁၂၀၂၂ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ် အပ်ပါ သည်။

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း ၊Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ် တွင်(၂၁-၁၀-၂၀၂၂)ရက်နေ့မှစ၍(၈-၁၁-၂၀၂၂)ရက်နေ့ထိရုံးချိန် အတွင်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။