MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဩဂုတ်လအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော စက်သုံးဆီ(၃)မျိုးအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွက်) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ များအား ၂၀၂၂ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး)၊  ဗိုလ်တထောင်မြို့နယ် တွင် (၁၈-၇-၂၀၂၂) ရက်နေ့မှစ၍ (၂-၈-၂၀၂၂)ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁ – ၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။