MPA Logo

၂၀၂၂ – ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ် တစ်ခုတစ်ဆောက်ရေးအတွက် အိတ်ဖွင့်တင်ဒါဖိတ်‌ခေါ်ခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၂- ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်နိုင်ရေးအတွက် အတွေ့ အကြုံ ရှိ၍ စိတ်ပါဝင်စားသော ကုမ္ပဏီများအနေဖြင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

          – မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်

              တစ်ခု တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု(Feasibility Study) ဆောင်ရွက်ခြင်း။

၂။       တင်ဒါပုံစံရောင်းချမည့်               –   (၂၅ . ၅ . ၂၀၂၂) ရက်နေ့မှ ( ၃ . ၆ .၂၀၂၂) ရက်နေ့အထိ

          နေ့ရက်နှင့်အချိန်                             (ရုံးချိန်အတွင်း)

၃။      တင်ဒါပုံစံရောင်းချမည့်နေရာ       –   မြို့ပြအင်ဂျင်နီယာဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                   (ရုံးချုပ်)၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၄။      တင်ဒါနောက်ဆုံးတင်သွင်းရမည့်   –   ( ၉ . ၆ . ၂၀၂၂) ( ကြာသာပတေးနေ့)၊ (၁၃ : ၀၀ နာရီ)

          နေ့ရက်၊ အချိန်နှင့် နေရာ                အစည်းအဝေးခန်းမ(၁)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊

                                                                 အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၅။      တင်ဒါဖွင့်မည့်နေ့ရက်နှင့်အချိန်/    –   ( ၁၀ . ၆ . ၂၀၂၂) ( သောကြာနေ့)၊ (၁၃ : ၀၀ နာရီ)

          နေရာ                                              အစည်းအဝေးခန်းမ(၁)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                     (ရုံးချုပ်)၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။      လုပ်ငန်းတည်နေရာ                   –   မော်လမြိုင်မြို့၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း

                                                                 ကျေးရွာနှင့် ဝဲကလိကျေးရွာအကြားအနီး

၇။      အသေးစိတ်သိရှိလိုပါက              –   ၀၉-၂၅၄၂၈၅၈၇၂ ၊ ၀၁-၃၈၂၇၂၂ (Ext- ၃၀၆) သို့ ရုံးချိန်

          ဆက်သွယ်ရန် ဖုန်းနံပါတ်               အတွင်း တိုက်ရိုက်မေးမြန်းနိုင်ပါသည်။