MPA Logo

လေလံကုန်သေတ္တာ(၁၀)လုံးနှင့် LCL Shipment (၂၀)ခုတို့တွင် ပါဝင်သော ပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။လေလံကုန်သေတ္တာ(၁၀)လုံးနှင့် LCL Shipment (၂၀)ခုတွင်ပါဝင်သော Novilla Mattress, SILICON ကုန်ကြမ်း ပစ္စည်းများ၊ ပိုးသတ်ဆေး၊ ပရဆေးပင်၊ ရေသန့်စင်ဆေးမှုန့်ခဲ၊ ငြမ်းဆင်သော ဂျွိုင်းဆက်များ၊ အမျိုးသမီးဝတ် ဘောင်းဘီရှည်များ၊ လူသုံး အလှကုန်ပစ္စည်းများ၊ လေမှုတ် တူရိယာပစ္စည်းများ၊ Hand Sanitiser များနှင့် Pumps Used & Copier Used တို့ကို လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၂၇-၄-၂၀၂၃) ရက်နေ့(၁၃:၀၀) နာရီ အချိန်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လေလံတင် ထုခွဲ ရောင်းချမည်ဖြစ်ပါသည်။

၂။တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင် ၄-၄-၂၀၂၃ရက်နေ့မှ ၂၅-၄-၂၀၂၃ ရက်နေ့အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း   ဆက်သွယ်ဝယ်ယူနိုင်ပြီး  အသေးစိတ်  သိရှိလိုပါက  တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။