MPA Logo

မြေတူး(၁)ရေယာဉ်၏ မြေတူးခွက်ပြုပြင်ခြင်းလုပ်ငန်းများအတွက် တင်ဒါ ဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြေတူး (၁) ရေယာဉ်၏ မြေတူးခွက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်ရှိပါ သည်။အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကိုတင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက်လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ဆောင်ရွက်ရမည့်ပစ္စည်းများ၏နှုန်းထား များကိုတွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ် ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခဆိုစျေးနှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။  တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၁၀၀,၀၀၀/- (ကျပ် တစ်သိန်း တိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူသို့မဟုတ် ချလံ မိတ္တူအား တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။  ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၂၇-၄-၂၀၂၃)နေ့ရက်အတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။      တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်                      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                                           မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                                                – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

     (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန်   – ( ၂၇-၄- ၂၀၂၃) ရက် (  ၁၂: ၀၀ ) နာရီ

           နေရာ                                                   -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                                        အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန်    – (၂၇- ၄ – ၂၀၂၃ ) ရက် ( ၁၂ : ၀၀ ) နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်                           – (၂၇- ၄- ၂၀၂၃ ) ရက် ( ၁၄ : ၀၀ ) နာရီ

              နေရာ                                                                    – အစည်းအဝေးခန်းမ (၂)

                                                                                               မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                                             အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။      တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည် သည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။      အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာ ရုံး တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။