MPA Logo

ပေ(၈၀)ပေါင်းကူးတံတား၏ အောက်ခံသံထည်များနှင့် သစ်သား ကြမ်းခင်းအား (Chequered Plate) ကြမ်းခင်းဖြင့် အစားထိုးလဲလှယ် ဆေးသုတ်ပေးခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကျောက်ဖြူဆိပ်ကမ်းမှ အောက်ဖော်ပြပါ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ တင်ဒါတင်သွင်း ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       ဆောင်ရွက်မည့်လုပ်ငန်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်း၊ ငလပွေ့အမှတ်(၁)ဆိပ်ခံဗောတံတားရှိ ပေ(၈၀)ပေါင်းကူး တံတား၏ အောက်ခံသံထည်များနှင့် သစ်သားကြမ်းခင်းများ Chequered Plate ကြမ်းခင်းဖြင့် အစား ထိုးလှဲလှယ်ဆေးသုတ်ပေးခြင်းလုပ်ငန်း

 

၃။      တင်ဒါပုံစံ စတင်ရောင်းချမည့် ရက်နှင့်အချိန် -(၂၄-၂-၂၀၂၂)ရက်နေ့မှ(၉-၃-၂၀၂၂)ရက်နေ့ထိ

(ရုံးချိန်အတွင်း)

၄။      တင်ဒါပိတ်မည့် ရက်နှင့်အချိန်                    – ၉-၃-၂၀၂၂ ရက်နေ့  ၁၅:၀၀ နာရီ

၅။      တင်ဒါဖွင့်မည့် ရက်နှင့်အချိန်                      – ၁၀-၃-၂၀၂၂ ရက်နေ့ ၁၅:၀၀ နာရီ

၆။      တင်ဒ့ပုံစံရောင်းချမည့် နေရာ                     –  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊

ကျောက်ဖြူဆိပ်ကမ်းရုံး၊  ကျောက်ဖြူမြို့

၇။        အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်တွင်း ဖုန်း (၀၉၂၆၅၇၂၁၅၅၈)ကို မေးမြန်း စုံးစမ်းနိုင်ပါသည်။