MPA Logo

ဆူးလေဆိပ်ကမ်းဝင်းအတွင်းရှိ သက်တမ်းကြာမြင့်ပြီး ဟောင်းနွမ်းချို့ယွင်း၍ သုံးစွဲခြင်းမရှိတော့သည့် နောက်တွဲယာဉ်(Trailer)(၄၁)စီးအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အောက်ရှိ ဆူးလေဆိပ်ကမ်းဝင်းအတွင်းရှိသော သက်တမ်းကြာမြင့်ပြီး ဟောင်းနွမ်းချို့ယွင်း၍ သုံးစွဲခြင်း မရှိတော့သည့် နောက်တွဲယာဉ် (Trailer) (၄၁) စီး အား မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာနေရာသို့ သွားရောက် ကြည်ရှု့ ပြီး စျေးနှုန်း တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –

(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် ၂၇-၇-၂၀၂၂ မှ (၆-၈-၂၀၂၂) အထိ  (ရုံးချိန်အတွင်း)
(ခ) တင်ဒါဖွင့်ဖောက်မည့်ရက် ၁၁-၈-၂၀၂၂ ရက်နေ့ (၁၃:၀၀) နာရီ တွင် နောက်ဆုံးထား တင်သွင်းရန်နှင့် (၁၄:၀၀)နာရီတွင်တင်ဒါဖွင့်ဖေါက်မည်။
(ဂ) တင်ဒါလျှောက်လွှာများ ရောင်းချ မည့်နေရာ ကုန်လုပ်ငန်းဌာန၊ စီမံ/ဖွဲ့စည်းဌာနခွဲရုံး၊ ဆူးလေဆိပ်ကမ်း၊ ကမ်းနားလမ်းသစ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်) အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်
(င) ဆက်သွယ်ရန်ဖုန်းနံပါတ် ရုံး ၀၁ ၃၇၂ ၁၅၇ ၊ ၀၉ ၄၂၀ ၀၂၀ ၂၆၅