MPA Logo

ကုန်သေတ္တာအခွံ(၂၈)လုံးအား လက်ရှိ မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

၁။   မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆူးလေအမှတ်(၆)လွင်ပြင်ရှိ ကုန်သေတ္တာအခွံ(၂၈)လုံးအား လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၁၀-၁၁-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီ အချိန် တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

၂။   တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၅-၁၀-၂၀၂၂ မှ ၈-၁၁-၂၀၂၂ ရက်နေ့အထိ ရုံးဖွင့်ရက်/ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပြီး အသေးစိတ် သိရှိလိုပါက တယ်လီဖုန်း အမှတ်၊ ၀၁-၈၆၁၀၂၃၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။